Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၉.၅ သန်းကျော်အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရ

နယူးယောက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /စိုးမိုး

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉.၅ သန်းကျော် အထိရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုဝင်ဘာ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

နိုဝင်ဘာ ၅ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ၁၂ နာရီ ၂၅ မိနစ် အချိန်ထိ အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉,၅၁၆,၇၉၀ ဦးအထိရောက်ရှိလာခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၃၄,၀၁၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်၌ COVID-19 ရောဂါ ကူးစက်ခံရမှုအများဆုံး နှင့် ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပွားသည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရမှုအများဆုံးဖြစ်ပွားခဲ့သည့် ပြည်နယ်က တက္ကဆက်ပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူ ၉၆၀,၅၈၃ ဦးရှိကြောင်း ၊ ဒုတိယ အများဆုံး ကူးစက်မှုဖြစ်ပွားခဲ့သည့်ပြည်နယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူ ၉၅၁,၉၈၉ ဦးရှိကြောင်း ၊ ဖလော်ရီဒါပြည်နယ်တွင် ကူးစက်ခံရသူ ၈ သိန်း ၂ သောင်းကျော် ရှိခဲ့ပြီး နယူးယောက်ပြည်နယ် တွင် ကူးစက်ခံရသူ ၅ သိန်း ၁ သောင်းကျော်ရှိကြောင်း ၊ ရောဂါ ကူးစက်ခံရမှု ၂ သိန်း ၅ သောင်းအထက်ရှိသော အခြားပြည်နယ်များမှာ အီလီနွိုက်စ်ပြည်နယ် ၊ ဂျော်ဂျီယာပြည်နယ် ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၊ တင်နက်ဆီပြည်နယ် နှင့် အရီဇိုးနားပြည်နယ်တို့ဖြစ်ကြကြောင်းသိရှိရသည်။

စာရင်းပြုစုချက်များအရ အမေရိကန်နိုင်ငံ၌ အောက်တိုဘာ ၃၀ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၉ သန်းကျော်အထိရောက်ရှိခဲ့ပြီး ကူးစက်ခံရသူ ၉ သန်း မှ ၉.၅ သန်း သို့ မြင့်တက်လာသည် မှာ အချိန် ၆ ရက်သာ ကြာမြင့်ခဲ့ကြောင်း ၊ နိုဝင်ဘာ ၄ ရက်တွင် အမေရိကန်နိုင်ငံ၌ တစ်နေ့အတွင်း ရောဂါကူးစက်ခံရသူ ၁၀၂,၈၃၁ ဦး တိုးမြင့်ခဲ့ပြီး ကပ်ရောဂါဖြစ်ပွားစဉ်ကာလတစ်လျှောက် တစ်နေ့အတွင်းကူးစက်ခံရမှုအများဆုံးအဖြစ်စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.