Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသော ကလေးငယ် ၈ သိန်းခွဲကျော်ရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းအနီးရှိ ကစားကွင်းတစ်ခုတွင် ဆော့ကစားနေသော ကလေးငယ်များအား ဇွန် ၁၅ ရက်က တွေ့ရစဉ်( ဓာတ်ပုံ- Xinhua/Wang Ying)

ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ COVID-19 ရောဂါ ကူးစက်ခံရသော ကလေးငယ်အရေအတွက်သည် ၈၅၀,၀၀၀ ကျော်ရှိလာပြီးဖြစ်ကြောင်း အမေရိကန်ကလေးသူငယ်ကျန်းမာရေးလေ့လာမှုအကယ်ဒမီ နှင့် ကလေးဆေးရုံများအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အောက်တိုဘာ ၂၂ ရက်မှ ၂၉ ရက်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသော ကလေးငယ်စုစုပေါင်း ၆၁,၄၄၇ ဦးရှိခဲ့ရာ ယင်းမှာ ကပ်ရောဂါစတင်ပျံ့နှံ့ချိန်နောက်ပိုင်း အမြင့်ဆုံး ကူးစက်မှု အရေအတွက်ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပြီးခဲ့သော အောက်တိုဘာလတွင် အမေရိကန်နိုင်ငံတစ်ဝှမ်း၌ COVID-19 ရောဂါကူးစက်ခံရသော ကလေးငယ်ပေါင်း ၂ သိန်းနီးပါး ရှိခဲ့သည်။ လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသော ကလေးငယ်ပေါင်း ၈၅၃,၆၃၅ ဦးရှိကြောင်း နှင့် ယင်းမှာ နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူ အားလုံး၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။အလုံးစုံခြုံ၍ ကြည့်မည်ဆိုပါက အမေရိကန်ကလေးငယ် တစ်သိန်းတွင် ကိုဗစ်ဖြစ်ပွားသူ ၁,၁၃၄ ဦးရှိသည်ကိုတွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားသော ကလေးငယ် ၁ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသည် ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူလျက်ရှိပြီး COVID-19 ဖြင့် သေဆုံးမှုအားလုံး၏ ၀ ရာခိုင်နှုန်းမှ ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း အစီရင်ခံတွင် ဆက်လက်ဖော်ပြထားသည်။“ ဒီအချိန်မှာတော့ COVID-19 ရောဂါနဲ့ အပြင်းအထန်ဖျားနာတဲ့ ကလေးက မရှိသလောက်ရှားပါတယ် ၊ ဒါပေမယ့်လည်း ဒီရောဂါကြောင့် ကလေးတွေအပေါ်မှာ ရေရှည်ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတဲ့ အချက်အလက်တွေကိုတော့ ချက်ချင်းရှာဖွေစုဆောင်းဖို့ လိုအပ်ပါတယ် ၊ အဲဒီထဲမှာ ဗိုင်းရပ်စ်ဟာ ရောဂါကူးစက်ခံရတဲ့ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ဘယ်လိုဆိုးကျိုးတွေ ရေရှည်မှာ ဖြစ်စေနိုင်လဲ ဆိုတာအပါအဝင် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်မှာလည်း ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတာကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။(Xinhua)