Connect with us

WORLD

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးများထပ်မံရရှိ

ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့ အဆုတ်စင်တာ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦး တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူနေသည်ကို ၂၀၂၁ ခုနှစ် မတ် ၁ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ နောက်ထပ် Sinovac CoronaVac COVID-19 ကာကွယ်ဆေးများကို ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် လက်ခံရရှိခဲ့ပြီး နိုင်ငံအတွင်း ကာကွယ်ဆေးဆက်လက် ထိုးနှံရန် ခွင့်ပြုထားကြောင်း သိရသည်။

Sinovac မှ ဝယ်ယူထားသော လက်ကျန် ကာကွယ်ဆေးများကို ယခုနှစ်အတွင်း ပေးပို့နိုင်ရန် အစိုးရက မျှော်လင့်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံ COVID-19 တိုက်ဖျက်ရေးတွင် အဓိကတာဝန်ယူဆောင်ရွက်သူ Carlito Galvez က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် COVID-19 ကူးစက်မှုဆက်လက်ပျံ့နှံ့ခြင်း၊ ပိုမိုကူးစက်နိုင်သော မျိုးဗီဇများပျံ့နှံ့ခြင်းတို့မှ ကာကွယ်တားဆီးနိုင်ရန် ပြည်သူများ၏ လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှလှူဒါန်းသော CoronaVac ကာကွယ်ဆေး ပထမအသုတ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်ခံရရှိခဲ့ပြီး နိုင်ငံအတွင်း ဆေးထိုးနှံမှုကို မတ် ၁ရက်တွင် စတင်ခွင့်ပြုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဧပြီ ၂၇ ရက်အထိ ဦးစားပေးအနေဖြင့် ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ကာကွယ်ဆေး ၁.၈ သန်းကျော်ကို ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။ CoronaVac နှင့် AstraZeneca ကာကွယ်ဆေးများသည် တိုင်းပြည်တွင် အသုံးပြုနိုင်သော ကာကွယ်ဆေးများဖြစ်ကြသည်။

အစိုးရအနေဖြင့် ယခုနှစ်အတွင်း လူအုပ်စုအကြား ကိုယ်ခံအားရရှိစေရန်ရည်ရွယ်၍ လူဦးရေ သန်း ၇၀ ကို ကိုယ်ကာကွယ်ဆေးထိုးနှံသွားရန် ရည်မှန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီမှ စ၍ ယခုနှစ် ဧပြီ ၂၈ ရက် အထိ လူဦးပေါင်း ၁,၀၂၀,၄၉၅ ဦး ကူးစက်ခံရပြီး အနည်းဆုံး ၁၇,၀၃၁ ဦးမှာ ယင်းရောဂါကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Philippines receives additional batch of China’s Sinovac vaccines
MANILA, April 29 (Xinhua) — The Philippines received an additional batch of the Sinovac CoronaVac vaccine from China on Thursday morning, allowing the Southeast Asian country to continue its vaccination drive.
Carlito Galvez, chief implementer of the country’s fight against COVID-19, said the government expects the rest of the vaccines it purchased from Sinovac could be delivered within this year.
The Philippines is ramping up the vaccination efforts as it continues to battle a surge of COVID-19 infections fuelled by more infectious variants and people’s complacency to safety protocols.
China donated the first batch of CoronaVac to the Philippines on Feb. 28, allowing the country to kick off its vaccination campaign on March 1.
The Philippines has administered more than 1.8 million doses of COVID-19 vaccines as of April 27, primarily to frontline healthcare workers and the elderly. CoronaVac and AstraZeneca are the available vaccines in the country.
The government aims to inoculate up to 70 million Filipinos this year to achieve herd immunity.
The COVID-19 has sickened 1,020,495 people in the Philippines as of Wednesday since the disease emerged in January 2020. At least 17,031 have died from the disease. Enditem