WORLD
မလေးရှားနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေးဖြင့် ကာကွယ်ဆေးထိုးနှံခြင်းစတင်
REMBAU ၊ မလေးရှား၊ မတ် ၁၈ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံသည် အမျိုးသားကာကွယ်ဆေးထိုးနှံခြင်းကို တွန်းအားပေးဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီး Khairy Jamaluddin သည် မလေးရှားနိုင်ငံတွင် ပထမဆုံး Sinovac’s CoronaVac ကာကွယ်ဆေး ထိုးနှံခဲ့သူဖြစ်လာပြီး Negeri Sembilan ပြည်နယ် Rembau ဆေးရုံ၌ ကာကွယ်ဆေးထိုးနှံခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံမှ Sinovac ကာကွယ်ဆေးကို အခြေအနေအရအသုံးပြုရန် နိုင်ငံ၏ ဆေးဝါးကြီးကြပ်ရေးက ခွင့်ပြုချက်ရရှိပြီးနောက် မတ် ၁၅ ရက်က ကာကွယ်ဆေးများ တင်ပို့မှုကို လက်ခံရရှိခဲ့သည်။ နောက်ထပ်တင်ပို့မှုမှာလည်း ယခုလအတွင်း ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။
Sinovac သည် CoronaVac ကာကွယ်ဆေး ၁၄ သန်း ပံ့ပိုးရန် မလေးရှားနိုင်ငံ Pharmaniaga ဆေးဝါးကုမ္ပဏီနှင့် မိတ်ဖက်ဆောင်ရွက်မှု သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ပထမအသုတ် တင်ပို့မှုမှာ ဖေဖော်ဝါရီ ၂၇ ရက်က မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ အစိုးရသည် နိုင်ငံ့လူဦးရေ၏ အနည်းဆုံး၈၀ ရာခိုင်နှုန်းဖြစ်သော ပြည်သူ ၃၁ သန်းကို ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားကြောင်း လူဦးရေ ၂၀ ရာခိုင်နှုန်းမှာ Sinovac ကာကွယ်ဆေးများ ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အစိုးရ၏အစီအစဉ်အရ မလေးရှားနိုင်ငံ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင့်-၁ တွင် ရှေ့တန်းမှ ပြည်သူသန်းတစ်ဝက်ခန့်၊ အဆင့်-၂ တွင်မူ ရောဂါကူးစက်နိုင်ခြေရှိသူအုပ်စုနှင့် အဆင့်-၃ တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများပါဝင်မည်ဖြစ်ပြီး လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် မတ် ၁၇ ရက်၌ COVID-19 ရောဂါကူးစက်သူအသစ် ၁,၂၁၉ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၃၂၇,၂၅၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း ၁,၂၂၀ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Malaysia starts rollout of China’s Sinovac COVID-19 vaccine
2021-03-18 13:37:10
REMBAU, Malaysia, March 18 (Xinhua) — Malaysia started inoculation with the COVID-19 vaccines made by Chinese biopharmaceutical company Sinovac Biotech on Thursday, as the country pressed ahead with its national immunization drive.
Malaysia’s Science, Technology and Innovation Minister Khairy Jamaluddin became the first recipient of Sinovac’s CoronaVac vaccine in the country, receiving the jab at the Rembau Hospital in Negeri Sembilan state.
Malaysia received a batch of finished Sinovac vaccines doses from China on Monday after Malaysia’s regulators gave conditional approval. Another shipment is expected later this month.
Sinovac has also inked a partnership with Malaysia’s leading pharmaceutical company Pharmaniaga to provide 14 million doses of its CoronaVac vaccines, which will go through a fill and finish process in Malaysia. The first delivery the Sinovac vaccines in bulk arrived in Malaysia on Feb. 27.
The Malaysian government is planning to inoculate at least 80 percent of the country’s over 31 million population in its national immunization program started in February, with 20 percent of the population are expected to receive the Sinovac vaccines.
According to the government’s plan, Malaysia’s vaccination program will be conducted in three phases: phase 1 for frontliners covering some half million people, phase 2 for high-risk groups and phase 3 for adults aged 18 and above with the whole exercise expected to be completed by February next year.
Malaysia reported 1,219 new COVID-19 infections on Wednesday, bringing the national total to 327,253. The death toll stands at 1,220. Enditem
A resident receives a COVID-19 swab test in Kajang, Selangor, Malaysia, Oct. 23, 2020. Malaysia reported 710 new COVID-19 infections, the health ministry said on Friday, bringing the national total to 24,514. (Photo by Chong Voon Chung/Xinhua)