ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ၏ သတင်းအချက်နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံအား သတင်းအချက်နည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ၏ဝက်ဆိုက် www.myanmar-education.edu.mm တွင်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဝက်ဆိုက် www.uit.edu.mm တွင်လည်းကောင်း Download လုပ်၍ရယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ပညာသင်ကြားရာ သင်ယူရာတွင် သီအိုရီပိုင်းကို ကောင်းစွာ နားလည် သဘောပေါက်ပြီး နည်းပညာ နှင့် ပူးပေါင်း သင်ကြားမည်ဆိုလျှင် အမှန်တကယ် အောင်မြင်သည့် သင်ကြား သင်ယူမှုကို ဖြစ်စေမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ထံသို့ တက္ကသိုလ်ဝင်ခွင့်ကို ယခုလအတွင်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊...
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) သွားနှင့်ခံတွင်းဆိုင်ရာပညာရပ်များအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို လက်ရှိအခြေအနေအချိန်အခါနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည်သုံးသပ်၍ ခေတ်နှင့်အညီပြုပြင်မွမ်းမံသွားရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ပေါင်း ၁၇၂၇ ခုကျင်းပခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ဇွန် (၂) ရက်၊ စနေနေ့ နံနက် (၆)နာရီတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်း အပြီး ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနများမှ...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသေးစိတ်ပြန်လည် သုံးသပ်ရာတွင် လက်ရှိကျင့်သုံးနေသော လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအားလုံးကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ပုဂ္ဂလိကသူနာပြုအကူ သင်တန်းကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တင့်တယ်ကျေးရွာအတွင်း မေ ၂၉ ရက်နေ့တွင် လူ ၈၇ဦး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်။ မေ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂ ရက်၊ စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။