Connect with us

Education & Health

ပညာရေးကဏ္ဍတွင် ယမန်နှစ်ကထက် ကျပ် ၁၈၅ ဘီလီယံကျော် ပိုမို သုံးစွဲမည်

ပညာရးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

၂၀၁၈ – ၁၉ဘဏ္ဍာနှစ်အတွက် ပညာရေးဝန်ကြီးဌာနသည် အမျိုးသား ပညာရေးမူဝါဒ ၁၆ ရပ်၊ ရည်မှန်းချက် ကိုးရပ်၊ လုပ်ငန်းစဉ် ၁၉၅ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နှစ်ကထက် ဘဏ္ဍာငွေ ကျပ် ၁၈၅ဘီလီယံ ပိုမို သုံးစွဲရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“၂၀၁၈ – ၁၉ဘဏ္ဍာနှစ်မှာ အသုံးပြုမယ့် ပညာရေးဝန်ကြီးဌာနရဲ့ ရငွေ သုံးငွေ စာရင်းချုပ်မှာ ရငွေ ကျပ်၂၀၅ ဒသမ ၁၁ ဘီလီယံ၊ သာမန်အသုံးစရိတ် စုစုပေါင်းက ၁၆၃၉ ဘီလီယံ လျာထားပါတယ်၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကနေ ၁၅၆၆ ဘီလီယံ၊ ပြည်ပ အကူအညီကနေ ၃၉ ဘီလီယံ၊ ပြည်ပ ချေးငွေကနေ ၁၄ ဘီလီယံ၊ EU သမဂ္ဂနိုင်ငံများမှ ထည့်သွင်းပေးငွေ ၁၉ ဘီလီယံ — အားလုံး ၁၆၃၉ ဘီလီယံ လျာထားပါကြောင်း၊ ယမန်နှစ်နဲ့ နှိုင်းယှဉ်ရင် ကျပ် ၁၈၅ ဘီလီယံ ပိုမို တောင်းခံထား ကြောင်း တင်ပြပါတယ်” ဟု ၎င်းက လွှတ်တော်သို့ ပြောကြားခဲ့သည်။

ထိုသို့ ပိုမို တောင်းခံရသည့် အဓိကအချက်မှာ လစာငွေများ တိုးလာသောကြောင့် လိုအပ်ချက်အရ ဖြည့်ဆည်းထားခြင်း၊ စီမံကိန်းအရ ဆရာ၊ ဆရာမများ ထပ်မံ ခန့်ထားရေးအတွက် ပိုမိုလျာထားရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ငွေလုံးငွေရင်း အသုံးစရိတ်နှင့်ပတ်သက်ပြီး “ငွေလုံးငွေရင်း အသုံးစရိတ်အားလုံး ကျပ် ၅၃၆ ဘီလီယံ သုံးစွဲဖို့ လျာထားပါတယ်၊ နိုင်ငံတော် ပြည်ထောင်စု ရန်ပုံငွေကနေ ၄၂၇ ဘီလီယံ၊ ပြည်ပ အကူအညီ ရငွေ ကနေ ၄၅ ဘီလီယံ၊ ADB ချေးငွေကနေ ၂၇ ဘီလီယံ၊ နိုင်ငံတော် ငွေစာရင်းထဲကို EU က ဖြည့်ဆည်းပေးငွေ ၃၆ ဘီလီယံ — စုစုပေါင်း ၅၃၆ ဘီလီယံ အသုံးပြုရန် လျာထားပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

အဆိုပါ ငွေလုံးငွေရင်းများအား ခွဲေ၀ သုံးစွဲရာတွင် အခြေခံပညာ ဦးစီးဌာနအတွက် ရာခိုင်နှုန်း အများဆုံး သုံးစွဲသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.