Connect with us

Education & Health

အမျိုးသား ဆရာဦးရေ တိုးလာရန် ရေတိုရေရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်နေ

ရန်ကုန်မြို့အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းမှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အခြေခံပညာရေး ကဏ္ဍတွင် အမျိုးသားဆရာ ဦးရေ တိုးချဲ့ ခန့်ထားနိုင်ရေးအတွက် ရေတို ရေရှည် စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာ အတတ်ပညာ သင်တန်းသားများ ရွေးချယ်ရာတွင် အမျိုးသား ဦးရေ ပိုမို ကျောင်းဝင်ခွင့် ရရှိရေးစီစဉ်ပေးခြင်း၊ ဘွဲ့ရရှိပြီးသူများအား အစီအစဉ်အမျိုးမျိုးဖြင့် ကာလတို ဆရာဖြစ် သင်တန်းများ ပေးခြင်း၊ ဆရာ ဆရာမများ ခန့်ထားသည့်အခါ ပန်းချီ၊ ဂီတ၊၊ အနုပညာ၊ အားကစား၊ ကွန်ပျူတာ ဘွဲ့ရ ဆရာဆရာမများ အဖြစ် ခန့်ထားခြင်း အစီအစဉ်များအပြင် ဆရာအင်အားများ တိုးတက်များပြားလာအောင် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ၇ှိပါတယ်” ဟု ၎င်းက တောင်တွင်းကြီး မဲဆန္ဒနယ် ဦးခင်သိန်း၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၁၉၉၈ ခုနှစ်မှစပြီး ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင် အကြို၊ ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်းများ နှစ်စဉ် တိုးချဲ့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး၂၀၁၈ – ၁၉ ပညာသင်နှစ်အထိ ပညာရေးကောလိပ်များ ၂၅ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ တက္ကသိုလ် ဝင် စာမေးပွဲအောင်မြင်သူများအား ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူပြီး ရမှတ်အလိုက် ရွေးချယ်၍ တိုင်းဒေသကြီး ပြည်နယ်အလိုက် သက်ဆိုင်ရာ ပညာရေး ကောလိပ်များတွင် သင်ကြား ပေးလျက် ၇ှိကြောင်း၊ တက်ရောက်ခွင့်ပြုရေး ရွေးချယ်ဆောင်ရွက်ရာမှာ ကျား မ ခွဲခြား၍ ရွေးချယ်ခြင်း မျိုး မရှိဘဲ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်များအလိုက် ကျောင်သားအရေ အတွက် အရ လည်းကောင်း၊ မူလတန်းပြဆရာ လိုအပ်ချက်အရလည်းကောင်း၊ ပညာရေး တက္ကသိုလ်များ၏ ဝင်ဆန့် အင်အားအရလည်းကောင်း၊ ပညာရေး ကောလိပ်များသို့ တက်ရောက်ရန် လျှောက်ထား သည့် ဘာသာတွဲများအလိုက် လျှောက်ထားသူ ဦးရေအရ သော်လည်းကောင်း ရွေးချယ် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များအရ ယခုအချိန်ထိ ပညာရေး တက္ကသိုလ်နှင့် ပညာရေး ကောလိပ်များသို့ လျှောက်ထားသူ အများစုသည် အမျိုးသမီးများ ဖြစ်နေခြင်း၊ အချို့ မြို့နယ်များတွင် လျှောက်ထားသည့် အမျိုးသားဦးရေ လုံး၀ မရှိခြင်း၊ လျော့နည်းနေခြင်း တို့ကြောင့် အင်အားပြည့် သင်ကြားလေ့ကျင့်ပေးနိုင်ရန် အမျိူးသမီးဦးရေကို ရွေးချယ်ခဲ့ရခြင်းဖြစ်၍ အမျိုးသမီးဆရာမများသာ အများစုဖြစ်နေရခြင်း ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.