Connect with us

Education & Health

ဆေးအာနိသင် ကောင်းမွန်သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်း


ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ ကလေးငယ်များအတွက် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဆွေမျိုး ပေါက်ဖော် ညီအကို အနေဖြင့် ကူညီမှု လက်ကမ်းကာ မြန်မာနိုင်ငံ ပြည်သူ လူထု ၊ အထူးသဖြင့် ကလေးငယ်များ၏ ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ရာ ယင်းတို့မှတဆင့် အသည်းရောင် အသားဝါ ဘီပိုး နှင့် တခြား ရောဂါများ ကင်းဝေး စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ဘက်စုံ ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ပြည်သူလူထု၏ အနာဂတ် ကျန်းမာရေး အခြေအနေ ပိုမို ကောင်းမွန်သည့် အနာဂတ် ရရှိစေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ကျေးဇူးတင်လွှာ ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနား အပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ်(ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အခမ်းအနား အပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား တွေ့ရစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံ ပြည်ပ ဆေးဝါး ကုန်သွယ်ရေး ကုမ္ပဏီ)

မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား တွေ့ရစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံ ပြည်ပ ဆေးဝါး ကုန်သွယ်ရေး ကုမ္ပဏီ)

မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား တွေ့ရစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံ ပြည်ပ ဆေးဝါး ကုန်သွယ်ရေး ကုမ္ပဏီ)

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံမှ ကလေးများ ကောင်းမွန်သော ဘဝကို ရရှိစေရန် ကာကွယ်ဆေးထိုး လုပ်ငန်းဖြင့် ဆောင်ရွက်နိုင်ကြောင်း ၊ နိုင်ငံ အနာဂတ်သည် ကလေးများ ကြံခိုင် ကျန်းမာ၍ ဉာဏ်ရည် မြင့်မားရေး ဖြစ်ကြောင်း ၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကလေးများ အတွက် ကာကွယ်ဆေး လှုဒါန်းသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံအား လှိုက်လှဲစွာ ကျေးဇူး တင်ရှိကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး တိုးတက်လာစေရန် နှင့် ကူးစက်ရောဂါများကို ကြိုတင် ကာကွယ်ရေး လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံ အစိုးရမှ ကန်ဒေါ်လာ ၅ သန်းကျော်(ယွမ် ၃၅,၅၀၀,၀၀၀) တန်ဖိုးရှိ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများအား ၂ ကြိမ်ခွဲ၍ လှူဒါန်းသွားရန် ကတိပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကလေးငယ် ဦးရေ ၃.၃ သန်းအတွက် ကာကွယ်ဆေးများအား ပေးပို့လှူဒါန်းခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ကလေးငယ် ဦးရေ ၃.၅ သန်းအတွက် ကာကွယ်ဆေးများအား၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို ့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး များကို အသုံးပြုရာတွင် လွန်စွာ ထိရောက်ခဲ့သည့် အတွက် ယခု အကြိမ် ထပ်မံ ထောက်ပံ့ရန် တောင်းဆိုချက် အရ တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန် ရှိသူများ၏ ဆောင်ရွက်မှု ဖြင့် ကာကွယ်ဆေးများ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း ၊ ထို့ပြင် တစ်ခြား ကာကွယ်ဆေး အမျိုးအစားများအား လိုအပ်ပါက တရုတ်နိုင်ငံ အနေဖြင့် တတ်စွမ်းသမျှ ကူညီ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ များဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ညီအကိုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်သူလူထု၏ လိုအပ်နေသည့် အရာသည် မိမိတို့ကြိုးစား အားထုတ်ရမည့် ဦးတည် ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

“ပထမအကြိမ် ပေးအပ်ကတည်းက လူတွေမှာ သေချာ စမ်းသပ်ပြီးပါပြီ။ ဆေးရဲ့အာနိသင်ကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဌာန (FDA) မှာလည်း စမ်းသပ်ပါတယ်။စမ်းသပ်တဲ့ အခါကြတော့ ဆေးအာနိသင်က အရမ်းကောင်းပါတယ်။ ဒီကာကွယ်ဆေးက သူတို့နိုင်ငံက ပြည်သူတွေ သုံးတဲ့ ကာကွယ်ဆေး ဖြစ်တဲ့ အပြင် ကျွန်တော်တို့နိုင်ငံမှာ စစ်ဆေးချက်အရ လုံး၀ အာနိသင် ရှိတဲ့ ကာကွယ်ဆေး ဖြစ်တယ်။ဆိုးကျိုး မရှိတဲ့ ကာကွယ်ဆေး ဖြစ်တဲ့ အတွက် စိတ်ချစွာ သုံးရပါတယ်။ဒုတိယ အကြိမ် ပေးအပ် လှုဒါန်းတဲ့ ကာကွယ်ဆေးကိုလည်း အမြန်ဆုံး သုံးမှာပါ။ဒါက ကျွန်တော်တို့နိုင်ငံအတွက် တော်တော် အကျိုးရှိတဲ့ အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရမှာပါ။သူတို့က နောက်ထပ် လိုရင်လည်း ပေးအုန်းမယ် ပြောပါတယ်။” ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက သတင်း မီဒီယာများအား ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ ဘီပိုး ဖြစ်ပွားသည့် ရာခိုင်နှုန်းမှာ ၆.၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ယခုအကြိမ် ကူညီ ထောက်ပံ့ခဲ့သည့် ဘီပိုး ကာကွယ်ဆေးများသည် ကမ္ဘာပေါ်ရှိ အင်အား အကြီးဆုံး လုပ်ငန်း ၅၀၀ စာရင်းတွင် ပါဝင်သည့် တရုတ်နိုင်ငံ၏ SINPHARM Group.Co.Ltd လက်အောက်ရှိ တရုတ် နိုင်ငံ ပြည်ပ ဆေးဝါး ကုန်သွယ်ရေး ကုမ္ပဏီ မှ လှူဒါန်းခြင်း ဖြစ်ပြီး ပေကျင်း ထျန်းထန် ဇီ၀ ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။

ပေကျင်း ထျန်းထန် ဇီ၀ ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးသော ပထမဆုံး အဆင့်တစ် ကာကွယ်ဆေး ထုတ်လုပ်သည့် ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်ရာ လက်ရှိချိန်တွင် ကာကွယ်ဆေး စုစုပေါင်း သန်း ၆၀၀ ခန့်ကို ထုတ်လုပ်နိုင်ခဲ့ပြီး လွန်စွာ အရည်အသွေး ကောင်းမွန်သည့် အတွက် ကမ္ဘာ့လူသား ကျန်းမာရေး အန္တရာယ် နှင့် စီးပွားရေး ဆိုင်ရာ ဆုံးရူံးနစ်နာမှုတို့ကို ကာကွယ် ပေးနိုင် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.