Connect with us

Education & Health

2016 Asia-Yangon Regional Programming Contest ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်

2016 Asia-Yangon Regional Programming Contest ပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--ucsy)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ACM-ICPC အဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုဖြင့် 2016 Asia-Yangon Regional Programming Contest ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၈ ရက် နှင့် ၉ ရက်တို့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် ပံ့ပိုးကူညီပေးမည့် Media Sponsorship အဖြစ် ပါဝင်ကူညီနိုင်ရန် အတွက်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ နိုင်ငံတကာအဆင့် Programming ပြိုင်ပွဲကို မိမိတို့နိုင်ငံတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော အခွင့်အရေးရရှိစေပြီး အာရှပစိဖိတ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသအတွင်းရှိ နိုင်ငံခြားတက္ကသိုလ်ကိုယ်စားပြု ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများနှင့် အတွေ့အကြုံဖလှယ်ခွင့် ရရှိစေမည့်အပြင် ထူးချွန်ပြီး အရည်အချင်းကောင်းမွန်သော ICT မျိုးဆက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

2016 ACM ICPC Asia-Yangon Regional Programming Contest ပြိုင်ပွဲအတွက် ယခုနှစ် ဇွန် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် Asia-Yangon National Programming Contest ကို ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာတက္ကသိုလ် ၂၄ ခုမှ ပြိုင်ပွဲဝင်အသင်း ၆၅ သင်း၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူပေါင်း ၁၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲမှ ပြိုင်ပွဲဝင် အသင်း ၃၈ သင်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းအဖြစ် ရွေးချယ်ထားကာ အာရှပစိဖိတ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသ အတွင်းရှိ နိုင်ငံခြားတက္ကသိုလ်ကိုယ်စားပြုအသင်း ၂၃ သင်းတို့ 2016 ACM ICPC Asia-Yangon Regional Programming Contest ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုကျင်းပမည့် Regional ပြိုင်ပွဲ၌ ရွေးချယ်ခံရသည့် အသင်းများသည် 2017 World Final ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.