Connect with us

Education & Health

စားသုံးသူပြည်သူများအနေဖြင့် အစားအသောက်၊ဆေးဝါးနှင့် အလှကုန်များနှင့်ပတ်သက်၍ YGN FDA သို့မေးမြန်းနိုင်

စံမညီတရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတုတို့၏ အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူထုပညာပေးပြပွဲ ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- YGN FDA)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

စားသုံးသူပြည်သူများအနေဖြင့် အစားအသောက်၊ဆေးဝါးနှင့် အလှကုန်များနှင့်ပတ်သက်၍ ပြဿနာတစုံတရာဖြစ်ပါကတိုင်ကြားနိုင်သလို၊ပြည်တွင်းလုပ်ငန်း၊သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများနှင့်ပတ်သက်၍ အဆင်မပြေမှုရှိပါက/နားမလည်ပါက ပြောကြားနိုင်သကဲ့သို့ မေးမြန်းချင်ပါကလဲ မေးမြန်းနိုင်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် (YGN FDA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်သည် အစားအသောက်၊ ဆေးဝါး၊ အလှကုန်များ အရည်အသွေးမီ၍ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆက်လက်၍ အရှိန်ဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

စားသုံးသူပြည်သူများအနေဖြင့် ၂၉ရက်နေ့နှင့် ၃၀ရက်နေ့တို့တွင် တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်သော စံမညီတရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတုတို့၏ အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူထုပညာပေးပြပွဲကြီးသို့လည်း လာရောက်ကြည့်ရနိုင်ကြောင်း၊ အဆိုပါ ပြပွဲတွင် နန်းခင်ဇေယျာ၊ နန်းမြတ်ဖြိုးသင်း၊ L လွန်းဝါ၊ ဖြိုးပြည့်စုံ၊ Myanmar Idol မှ သားငယ်၊ ဘီလီ လမင်းအေး၊ မိုင်းမိုင်ဆိုင်း တို့၏ သီဆိုဖျော်ဖြေမှုနှင့်အတူ Five stars အဖွဲ့ဝင်များဖြစ်သော မျောက်ရှုံး၊ ကျင်ဝှက်၊ ကြာစိ၊ အောင်မော်၊ တို့မှလဲ ပြဇာတ်ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.