Connect with us

Education & Health

ယနေ့ အထိ တစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးရောဂါ စုစုပေါင်းလူနာ (၂၀) ဦးရှိ၊ (၃) ဦး သေဆုံး

ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ--ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးတွင်ရရှိသော အချက်အလက်များအရ (၂၆-၇-၂၀၁၇) နေ့၊ ညနေပိုင်းအထိ ရာသီတုပ်ကွေးရောဂါ Influenza A (H1N1) pdm 2009 – Positive စုစုပေါင်းလူနာ (၂၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦး သေဆုံးခဲ့ကြောင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၃)အား ယနေ့ ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ အထူးဦးစားပေးပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိကြောင်း၊ (၂၂-၇-၂၀၁၇) ရက်နေ့မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင်တွင် (Seasonal Influenza A (H1N1) pdm 2009) – Positive ဖြင့်ဆေးကုသမှုခံယူနေသော ဧရာဝတီတိုင်း ဒေသကြီးမှ အသက်(၄၃)နှစ် အရွယ် အမျိုးသားလူနာ(၁)ဦးသည် (၂၆-၇-၂၀၁၇) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(၅-၇-၂၀၁၇) ရက်နေ့ မှ (၂၆-၇-၂၀၁၇) ရက်နေ့ထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် သံသယ တုပ်ကွေးရောဂါ (၃၀၀) ဦးခန့်အနက်မှ (၁၀) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်း သိရသည်။(၁၉-၇-၂၀၁၇) မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၁၆) ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် (၉) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ပြီး (၃) ဦးသေဆုံးခဲ့ကြောင်း၊ အထွေထွေရောဂါဆေးရုံသစ်ကြီး (ရန်ကုန်) တွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၂) ဦးအားကုသမှုပေးခဲ့ရာ ၎င်းတို့အနက် (၁) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်း၊ (၁၄-၇-၂၀၁၇) ရက်နေ့မှစတင်၍ခုတင် (၅၅၀) ဆံ့ကလေးရောဂါအထူးကုဆေးရုံကြီး (ရန်ကင်း) တွင် လတ်တလောပြင်းထန်အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာ (၂) ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် အနက် (၁) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်းသိရသည်။

(၁၈-၇-၂၀၁၇)ရက်နေ့မှစတင်၍အထွေထွေရောဂါကုဆေးရုံကြီး (မြောက်ဥက္ကလာ) တွင်လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၁) ဦးအားကုသမှုပေးခဲ့ကြောင်းနှင့် ယနေ့အထိ ရန်ကုန်မြို့ပေါ်ရှိ အထက်ပါ ဆေးရုံကြီးများတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်စုစုပေါင်းလူနာ (၂၁) ဦးအားကုသမှုပေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 – Positive စုစုပေါင်းလူနာ (၁၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦး သေဆုံးခဲ့ ကြောင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် Myanmar CDC facebook စာမျက်နှာများတွင် ထုတ်ပြန်ထားရှိသော ရာသီတုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊ တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူရန်လိုအပ် ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၎င်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)