Connect with us

Education & Health

ယနေ့ အထိ တစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးရောဂါ စုစုပေါင်းလူနာ (၃၀) ဦးရှိ၊ (၆) ဦး သေဆုံး

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၇ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးတွင်ရရှိသော အချက်အလက်များအရ (၂၇-၇-၂၀၁၇) နေ့၊ ညနေပိုင်းအထိ ရာသီတုပ်ကွေးရောဂါ Influenza A (H1N1) pdm 2009 – Positive စုစုပေါင်းလူနာ (၃၀ ) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၆)ဦး သေဆုံးခဲ့ကြောင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၄)အား ယနေ့ ဇူလိုင်လ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အထူးဦးစားပေး၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ကာကွယ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိဆေးရုံကြီးများတွင် (Seasonal Influenza A (H1N1) pdm 09 positive ဖြင့် တက်ရောက်ကုသမှု ခံယူလျက်ရှိသူများ အနက် ဇူလိုင်လ ၂၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၅ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် ယင်းနေ့တွင်ပင် လည်းကောင်း ၊ ဇူလိုင် ၂၅ ရက်နေ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာဖြင့် ကုသမှုခံယူလျက်ရှိသော အသက် ၃၄ နှစ်အရွယ်အမျိုးသား တစ်ဦးသည် ဇူလိုင်လ ၂၇ ရက် နံနက် ၇:၁၅ နာရီ တွင်လည်းကောင်း သေဆုံးခဲ့ပါသည်။ (၅-၇-၂၀၁၇) ရက်နေ့ မှ (၂၆-၇-၂၀၁၇) ရက်နေ့ထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် သံသယ တုပ်ကွေးရောဂါ (၃၀၀) ဦးခန့်အနက်မှ (၁၀) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ပြီး သေဆုံး သူမရှိခဲ့ကြောင်း သိရသည်။

(၁၉-၇-၂၀၁၇) မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကုတင် ၅၅၀ဆံ့ ကလေးရောဂါ အထူးကုဆေးရုံကြီး (ရန်ကင်း) ၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ရန်ကုန်) ၊ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ အထူးကုဆေးရုံကြီး (ရန်ကုန်) ၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး နှင့် ပြင်ပပုဂ္ဂလိကဆေးရုံတို့မှလတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် လူနာ၃၉ဦးအား ဆေးကုသမှုပေးခဲ့ရာ ၎င်းတို့အနက် ၁၉ ဦးတွင် (Seasonal Influenza A (H1N1) pdm 2009 positive တွေရှိခဲ့ပြီး ယနေ့ အထိ ၆ဦးသေဆုံးခဲ့ ပါသည်။ပဲခူး အထွေထွေရောဂါ ကုဆေးရုံကြီးတွင် လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် လူနာတစ်ဦးအား ဆေးကုသမှုပေးခဲ့ရာ (Seasonal Influenza A (H1N1) pdm 2009 positive တွေ့ရှိခဲ့ပြီး seasonal influenza A (H1N1) PDM 2009 ဖြင့်သေဆုံးမှု မရှိခဲ့ပါ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.