Connect with us

Environment, Disasters & Accidents

အမြန်လမ်း၌ သတ်မှတ် အရှိန်နှုန်း ထက် ပိုမို မောင်းနှင်သော ယာဉ်အစီးရေ ၂၇,၀၀၀ ကျော်အား ဖမ်းဆီး အရေးယူခဲ့

ယာဉ်အန္တရာယ် လျှော့ချရေးလက်ကမ်းစာစောင်ဝေနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- အမြန် လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်မှ ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက် အထိ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၂၇,၈၀၃ စီးအား ဖမ်းဆီး အရေးယူ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၆ နာရီမှ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၂၀၁) နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်သည့် မော်တော်ယာဉ်(၃)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော် ယာဉ်(၅)စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၉)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၁၄)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် (၁၆)စီး စုစုပေါင်း(၄၇)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)