Connect with us

Environment, Disasters & Accidents

အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိ

အင်းတော်မြို့နယ်ရဲစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ၁၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၂၀း၃၀ နာရီတွင် အင်းတော်မြို့နယ်၊ မြစ်ကြီးနား-ရွှေဘို ကားလမ်း စီးပိန်ကျေးရွာအနီး၌ 2H/xxxxFORD RANGER ဘုရားဖူး ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်ပေါ်ပါခရီးသည် ၁၅ ဦး(ကျား ၁၊ မ ၁၄)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ သဖြင့် ၂၁း၀၀ နာရီ အချိန်တွင် မော်လူးတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ယာဉ်မောင်းအား မော်လူးနယ်မြေရဲစခန်းယာဉ်(ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ (ပေါ့ လျော့မှုကြောင့် ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် မတ်လ ၁ ရက်နေ့ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)