ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၆နာရီခန့်တွင် မြေပြို၍ အိမ်(၁)လုံးအတွင်းရှိ လူ ၅ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဇွန် ၁၃ ရက် ဘူးကလိန်ချောင်း ကမ်းပါးပြိုကျရာမှ လူတစ်ဦးချောင်းအတွင်း မျောပါပျောက်ဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံဂူ ကျောက်မိုင်း အနီး၌ ဇွန် ၁၃ ရက်တွင် လမ်းချော်၍ ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း...
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆိပ်ကမ်းမြို့နယ်၊ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော ခရီးသည် ၁၁ဦးပါဝင်သော စက်တပ်သမ္ဗာန်လှေတစ်စီး နစ်မြုပ်၍ လူ ၄ဦးပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ကောယားကျေးရွာတွင် လူ ၂၅ဦး လိုက်ပါစီးနင်းလာသော မော်တော်ရေယာဉ် (သစ်သားခွံ)တစ်စီးသည် ယနေ့ နေ့လည် ၁၂နာရီခွဲတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ် လောင်ဗန်းရပ်ကွက် အတွင်း ယနေ့နံနက်ပိုင်း မြေပြိုကျမှု ဖြစ်ပွား ခဲ့သဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်း ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ် နှင့် ကုလားတန်မြစ်ရေ တို့သည် မြစ်ရေများ မြင့်တက်နိုင်သည့်အတွက် ဟုမ္မလင်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့ ဟားခါးထာရ်(၂) ရပ်ကွက်၌ မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် မြေအက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၈၈)ရပ်ကွက်တွင် ဂတ်စ်မီးဖိုဖြင့်ထမင်းချက်ရာမှ ဂတ်စ်မီးဖိုပေါက်ကွဲပြီး နေအိမ် ၇လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။