Connect with us

Environment, Disasters & Accidents

မန္တလေး- မြစ်ကြီးနား အမှတ် (၅၅)အဆန် ရထားတွဲချော်မှုဖြစ်ပွား

တွဲချော်သွားသော ရထားအား ပြန်လည်ပြုပြင်မှုပြုလုပ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန်းမားဘူတာနှင့် မြို့သစ်ကလေး ဘူတာကြားတွင် မန္တလေး -မြစ်ကြီးနား အမှတ် (၅၅)အဆန် အထူးအမြန်ရထားသည် ယနေ့ နံနက် ၇နာရီ မိနစ် ၄၀ အချိန်၌ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရထား ဖြစ်ပွားပုံမှာ မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ ပြေးဆွဲနေသော စက်ခေါင်းအမှတ် DF 1372 ၊ အမှတ် (၅၅) အဆန် အထူးအမြန်ရထားသည် နန်းမားဘူတာနှင့်မြို့သစ်ကလေးဘူတာကြား ရထားလမ်းမိုင်တိုင် အမှတ် ၆၄၅ (၁၈/၁၉)ကြားတွင် တွဲအမှတ် VBHV 47511 ဘီးအမှတ် ½ အတွင်း ဘီးအမှတ် 2/8 အပြင် သံလမ်းနှင့် ၁ပေခန့်အကွာ ကျပြီး လမ်းချော်မှုဖြစ်ပွားခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ယင်း လမ်းချော်မှုနေရာသို့ တိုင်းမန်နေဂျာ ဦးအေးသိန်း ဦးဆောင်သော လမ်းလုပ်သား ၁၅ ဦးတို့ ရထားလမ်း ပုံမှန်သွားလာနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ၉ နာရီ မိနစ် ၂၀တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ရထားများ ပုံမှန်သွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.