ရန်ကုန်၊ အောက်တို ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မိုးများရွာသွန်းပြီး ရေလျှံမှုများကြောင့် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့၌ စမုံမြစ်နှင့် ပန်းလောင်မြစ်ဘေး အနိမ့်ပိုင်းကျေးရွာများဖြစ်သော ရွာပေါင်း ၁၄ရွာမှ အိမ်ထောင်စု ၁၃၇၁စု ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၁၇ရက်နှင့် ၁၈ရက်နှစ်ရက်တွင် ကျပ် သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၁၉ ရက် ည ၉ နာရီက ရွာသွန်း သောမိုးကြောင့် လူနေအိမ်များရေဝင်သဖြင့် အိမ်ခြေ ၄၈၂လုံး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မီးလောင်ကျွမ်းခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ထပ်မံတွေ့ရှိခဲ့သော အလောင်းတစ်လောင်းကို ပျောက်ဆုံးနေသော ဧည့်သည် ဟုတ်မဟုတ် စိစစ်နေကြောင်း ပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၃နာရီခွဲတွင် စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုအကြောင်းရင်းကို စိစစ်နေကြောင်း ထူးကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးဌေးလွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်။ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်ကာ အချိန်၃နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူအချို့ ရှိကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့ဟိုတယ်သည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တပ်မတော်လေမှ ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အားပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှယနေ့ သတင်းထုတ်ပြန်သည်။