Connect with us

Environment, Disasters & Accidents

ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား (၄.၂)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

မြေငလျင်ဗဟိုချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲ မှ ဒုတိယဦးစီးမှုး ဒေါ်စုနှင်းထွေးက ဆင်ဟွာကို ပြောသည်။

ဒေါ်စုနှင်းထွေးက “ဒီငလျင်က အနက် ၅ ကီလိုမီတာ လှုပ်ရှားခဲ့တာပါ။ ငလျင်လှုပ်ရှားတာကို ခံစားမိတဲ့သူတောင် သိပ်မရှိခဲ့ပါဘူး။ ငလျင်က အင်အားနည်းပါတယ်။’’ ဟုပြောသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၀၆)မိနစ် (၁၀)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၂၀၆) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးဇလ မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.