Connect with us

Environment, Disasters & Accidents

တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

မြစ်ကမ်းပါးပြိုကျမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးအားဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား (၉၀)ပေ၊ အနံ(၁၀)ပေခန့်

မြစ်ကမ်းပါး ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းကမ်းပါးပြိုကျသည့်နေရာအနီးရှိ နေအိမ် ၁၀ လုံးတို့အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။

ယင်းသို့ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပြောင်းရွှေ့သူ မိသားစုဝင်စုစုပေါင်း(၃၀)ဦးတို့မှာ၎င်းတို့၏ဆွေမျိုးများနေထိုင်ရာနေအိမ်များသို့ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.