Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ်အား အဝါရောက်အဆင့်သတ်မှတ်

မုန်တိုင်းငယ်ဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ် (Visakhapatnam) မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၅၀)ခန့်၊ ဂိုပါလ်ပူ(Gopalpur)မြို့၏ အနောက်တောင် ဘက် မိုင်(၁၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.ဝ) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၁) ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်း မှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းဖြစ်ကြောင်း၊ (က) အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက် လက်ရွေ့လျားပြီး၊ နောက် (၃၆)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေမြောက်ပိုင်းနှင့် သြရိဿကမ်း ခြေတောင်ပိုင်းအနီးသို့ ရောက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလ မှ ထုတ်ပြန်ခဲ့သည်။

ထိုမုန်တိုင်းငယ်၏အရှိန်ကြောင့် နောက်(၃၆)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြို တင်သတိပြုနိုင်ရန် မိုးဇလ မှ အကြံပြုချက်ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.