ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက် ရှိပြီး မြေနိမ့်ကားလမ်း အချို့နှင့်ကျေးရွာချင်းဆက် လမ်းများ ရေကျော်နစ်မြုပ်ခြင်း၊ တံတားငယ် ချဉ်းကပ်လမ်းများ ရေတိုက်စားခြင်း ကြောင့် ယာဉ်များ ခေတ္တယာယီဖြတ် သန်းသွားလာမှု ရပ်တန့်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နေသည့်အတွက် ချင်းတွင်းမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၊ မြတ်လေးလမ်းနှင့်နှင်းဆီလမ်းကြားရှိ နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၂၈ လုံးထိ မီးကူးစက်လောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၉၉သိန်း ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ...
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ချင်းတွင်းမြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် နန်ခါချောင်း ရေ မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် လေရှီးမြို့နယ် မိုပိုင်းလွတ် မြို့ အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားပြီး နေအိမ်များ နစ်မြုပ်လျက်ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေသည့်အတွက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မင်းကင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေသည့် အတွက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ် နှင့်မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက် ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များ မြေကျွံယိုင်နဲ့မှုဖြစ်ပေါ်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်(၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခု ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လ အတွင်း ယာဉ်မတော်တဆမှု ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ပျက်ကျခဲ့သည့် Y-8 လေယာဉ် ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများနှင့် မြေပုံများပါဝင်သော စာရွက် စာတမ်းထုပ် ၁ ထုပ်အား ဇူလိုင် ၂ ရက် ညနေပိုင်းတွင် ထပ်မံ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။