Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ကမ်းဘေးရှိ အဖျောက်မြို့ အေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု ၇၃ စု ဘေးလွတ် ရာသို့ပြောင်းရွှေ့

မြစ်ကမ်းပါး ပြိုကျမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာ၌ မြစ်ကမ်းပါး ပြိုကျမှုများကြောင့် သြဂုတ်လ ၅ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ လူနေအိမ်ခြေ ၇၃ လုံး ၊ အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ကျား/မ ၂၉၀ ဦး တို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ စက်တင်ဘာ ၁၆ ရက်တွင် အုန်းပင်ကွင်း ကျေးရွာအုပ်စု ၊ အေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အလျား ၁၀ ပေ အနံ ၃ ပေခန့် ပြိုကျခဲ့ပြီး ယင်းကျေးရွာရှိ နေအိမ် ၄ လုံး၊ အိမ်ထောင်စု ၄ စု၊ လူဦးရေး ကျား/မ ၁၇ ဦးတို့သည် မြစ်ကမ်းပါးပြိုကျမှုအား စိုးရိမ်သဖြင့် ၎င်းတို့၏ ဆွေမျိုးများရှိရာ နေအိမ်များသို့ ရွေ့ပြောင်း နေထိုင်လျက် ရှိကြောင်း သိရသည်။ထိုမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်သူများအား ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.