Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ မြစ်ရေတိုက်စားခြင်းဒဏ်ခံရသည့် မြို့နယ်ခြောက်ခုမှ ကျေးရွာ ၁၂ ရွာ ကို ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ မြစ်ရေတိုက်စားခြင်းဒဏ်ခံရသည့် မြို့နယ်ခြောက်ခုမှ ကျေးရွာ ၁၂ ရွာကို ယခုနှစ် ဒီဇင်ဘာလတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ငွေကျပ်သန်းပေါင်း ၂၉၆၉ ဒသမ ဝ၈ သန်းသုံးစွဲ၍ စဉ့်ကူးမြို့နယ်ရှိ ဆီသည်၊ ဟင်္သာဖိုကျေးရွာ၊ မတ္တရာမြို့နယ်ရှိ ဆီးဖြူကုန်း၊ ပန်းကန်စု၊ ရွာတန်းရှည်၊ ကုန်းတန်းကြီးကျေးရွာ၊ တံတားဦးမြို့နယ်ရှိ အိုးဘုတ်တန်း၊ ဈေးချိုကျေးရွာ၊ ငါန်းဇွန်မြို့နယ်ရှိ ငါးဇွန်မြို့၊ ထန်းစင်လှ ကျေးရွာ၊ မြင်းခြံမြို့နယ်ရှိ လေးအိမ်တန်းကျေးရွာနှင့် ညောင်ဦးမြို့နယ်ရှိ လောကနန္ဒာဘုရားကမ်းထိန်းတို့တွင် ဆောင်ရွက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သံခြင်းအခြေပြုကျောက်စီတမံ၊ မျောကျောက် ရေလွှဲ ရေကာ၊ သဲအိတ်ခံကျောက်စီရေကာတို့ဖြင့် လုပ်ဆောင် မည်ဖြစ်ပြီး အများစုမှာ သံခြင်းအခြေပြုကျောက်စီတမံ ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဌာနအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် လည်း မြစ်ရေတိုက်စားမှုကြောင့် စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ မြင်းခြံနှင့် တောင်သာမြို့နယ် ခြောက် ခုမှ ကျေးရွာပေါင်း ၁၆ ရွာကို ငွေကျပ်သန်းပေါင်း ၃၆၄၉ ဒသမ ၅ သန်းဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအသားတင်ရငွေ၏ ၂ ဒသမ ၅၅ ရာခိုင်နှုန်း သည် ရာသီဥတုပြောင်းလဲမှုကြောင့် ဆုံးရှုံးနေရသည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ဖြိုးရေး ဘဏ်၏ ထုတ်ပြန်မှုတစ်ခုတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇ဝ၇ သန်း ဆုံးရှုံးနေသည်ဟု ကြေးမုံသတင်းတွင် ပါရှိသည်။

၁၉၆၈ ခုနှစ်မှစ၍ ၂ဝ၁၆ ခုနှစ်အထိ ဆယ်စုနှစ် အလိုက် မန္တလေးမြို့၏ မြစ်ရေချိန်များမှာ ၁၉၇၄ ခုနှစ် သြဂုတ်လတွင် ၁၃၄၂ စင်တီမီတာ၊ ၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ၁၃၂၃ စင်တီမီတာ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ၁၃၁၄ စင်တီမီတာ၊ ၂ဝ၁၄ ခုနှစ် ဇူလိုင်လတွင် ၁၃၈၂ စင်တီမီတာအထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ၁၃၂၅ စင်တီမီတာသို့ အသီးသီးရောက်ရှိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.