Connect with us

Environment, Disasters & Accidents

အင်အား ၄.၇ အဆင့်ရှိ ငလျင်တစ်ခု ပြည်မြို့ အနီးတွင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယနေ့နံနက် ၈း၀၆နာရီ ခန့်တွင် ပြည်မြို့ ၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန မှ တာဝန်ရှိသူတစ်ဦးက “ပြည်မြို့ အထွက်လောက်မှာတော့ ငလျင်လှုပ်သွားတာကို နည်းနည်းခံစားရတယ်။ ဒါပေမယ့် လူနေသိပ်သည်းမှု သိပ်မရှိတော့ ငလျင်လှုပ်တာကို သိတဲ့သူနည်းတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ယနေ့လှုပ်ခဲ့သည့် ငလျင်သည် အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခဲ့သည့် အတွက် ဇောက်တိမ်ငလျင်တစ်ခုဖြစ်ကြောင်း ၎င်း ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.