Connect with us

Environment, Disasters & Accidents

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ပွား

မီးလောင်ကျွမ်းနေသော နေအိမ်များအား မီးငြိမ်းသတ်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-ERSSDO)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ အဲမွန်ဒရာလမ်းရှိ နေအိမ်(၃)လုံးသည် ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၁၀နာရီ၅၀ အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၁၁၀၅ အချိန် တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ယင်းမီးလောင်ကျွမ်းမှုကိ Level-2 သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိ အဆိုပါနေရာသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးမှ အုပ်ချုပ်

ရေးကိစ္စများဆောင်ရွက်လျက်ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့မှ မီးလောင်ရာအနီး၌ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းရင်းအား မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.