Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် ဟားခါး နှင့် ဖလမ်း မြို့နယ်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွား

ဖလမ်းမြို့ နယ်အတွင်း မြေပြိုကျမှု ဖြစ်စဉ် တစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းပြည်နယ် ဟားခါး နှင့် ဖလမ်း မြို့နယ်များအတွင်း မြေပြိုကျမှုများ ဖြစ်ပွားကာ လူနေအိမ် အချို့ဘေးလွတ်ရာသို့ရွှေ့ပြောင်းရမှုများ ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဖလမ်းမြို့၌ စက်တင်ဘာ ၁၇ ရက်နေ့ မှ စ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် ဦးဆန်မန်း နေအိမ် အထက်ပိုင်း မြေပြိုမှု ဖြစ်ပွားခဲ့ရာ ဘေးလွတ် ရာ နေရာသို့ရွှေ့ပြောင်း ပေးခဲ့ရပြီး ထိုရပ်ကွက်နေ ဦးချန်ထန်း နေအိမ်သည်လည်း နေအိမ်အောက် မြေသား ကျွံကျခဲ့ရာ စိုးရိမ်ရသည့် အခြေအနေကြောင့် ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။

ထို့အတူ ဟားခါးမြို့၌ စက်တင်ဘာ ၁၈ ရက်တွင် ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၊ ဒါအိုချိန်းလမ်းရှိ ဒေါ်ဇိန်ကျန်းနှင့် ဦးလျန်ဘိခ် နေအိမ်တို့သည် ပြိုကျပျက်စီးနိုင်သည့် အန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်း ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဖလမ်းမြို့နယ်အတွင်း ယခုတစ်ပတ်မိုးရွာသွန်းမှုကြောင့် မြို့နယ်ချင်း ဆက်လမ်း နှင့် ကျေးရွာချင်း ဆက်လမ်းများမှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကူးသန်းသွားလာရေး အဆင်ပြေစေရေး အချိန်နှင့် တပြေးညီရှင်းလင်း ပြုပြင် ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.