ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၂ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ထိ ရုပ်အလောင်း ၈၃ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း၌ ကျပ် သိန်းပေါင်းခြောက်သောင်းရှစ်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၃၄သိန်းဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ၂၀၁၇ ခုနှစ်၏ ပထမ ငါးလတာအတွင်း မီး ၁၅၁ ကြိမ်လောင်ကျွမ်းခဲ့ပြီး ငွေကျပ် ၂၄၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ဗဟိုမီးသတ်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးအနီးတွင် ယနေ့ဇွန် ၁၂ ရက် နံနက်ပိုင်း အချိန်တွင် မန္တလာမင်း ခရီးသယ်တင်ယာဉ်နှင့် အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တစ်စင်းတို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ ဦး...
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်၌ ပါဝင်သူ အရေအတွက်၏ ထက်ဝက်ကျော် အဖြစ် ရုပ်အလောင်း ၇၆ လောင်းအား ယနေ့ဇွန် ၁၂ ရက် နံနက် ၁၁ နာရီကျော် အချိန်ထိ ရှာဖွေ တွေ့ရှိထားကြောင်း...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ ကျူးကျော်တဲများ အားလုံးကို ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား ၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း ပျက်ကျသွားသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8အား ရှာဖွေမှုတွင် ရုပ်အလောင်း ၆၂လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၂ရက်နေ့ နံနက် ၉နာရီကျော်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ၎င်းသည် နောက် ၂၄ နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ဆိုးရွားသည့်ရာသီဥတုအတွင်း ခက်ခက်ခဲခဲဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး နိုင်ငံ ပိုင်နက် အတွင်း ပျက်ကျခြင်း၊ အထောက်အထား တစ်ချို့ ရရှိနေခြင်းတို့ကြောင့် မကြာမီ ပျက်ကျ လေယာဉ် အား ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး...