Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပိတ်ထားရသောစာသင်ကျောင်း ၂၅ဝ ခန့် ပြန်လည်ဖွင့်

ကျေးရွာအတွင်း ရေကြီးမှုဖြစ်ပေါ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေကြီးမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ယာယီပိတ်ထားရသောစာသင်ကျောင်း ၂၅ဝ ခန့် ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။

ဇူလိုင်လအတွင်းက ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့် တက်မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်ရှိ စာသင်ကျောင်း ၂၄၆ ကျောင်း ယာယီပိတ်ထားရသော်လည်း လက်ရှိ ၂၅၀ ခန့်ပြန်လည် ဖွင့်လှစ်ထားကြောင်း သိရသည်။မကွေးမြို့နယ်တွင် တစ်ကျောင်း၊ ရေနံချောင်း မြို့နယ်တွင် ၁၉ ကျောင်း၊ ချောက်မြို့နယ်တွင် ငါးကျောင်း၊ မင်းဘူးမြို့နယ်တွင် ရှစ်ကျောင်း၊ ပွင့်ဖြူမြို့ နယ်တွင် ၂၃ ကျောင်း၊ စလင်းမြို့နယ်တွင် ၅၅ ကျောင်း၊ ပခုက္ကူမြို့နယ်တွင် ၄၃ ကျောင်းနှင့်ကံမမြို့နယ်တွင် ကိုးကျောင်း၊ သရက်မြို့နယ်တွင် တစ်ကျောင်း၊ ရေစကြို မြို့နယ်တွင် ၇၉ ကျောင်းနှင့် ဆိပ်ဖြူမြို့နယ်တွင် နှစ်ကျောင်း၊ အောင်လံမြို့နယ်တွင် တစ်ကျောင်းတို့ ယာယီပိတ်ထားရသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.