Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုများကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းများ၌ လူဦးရေ ၇ သောင်းကျော် ကျန်ရှိနေဟုဆို

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများအတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း များသို့ပြောင်းရွှေ့နေထိုင်မှုများ အနက် အိမ်ထောင်စု ၁၇၉၉၀ ခန့်မှ လူဦးရေ ၇၁၅၃၁ ဦးခန့်မှာ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ကျန်ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၅ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ တစ်ဦး ၊ ချင်းပြည်နယ် တွန်းဇံ မြို့နယ်၌ နှစ်ဦး ၊ ရှမ်းပြည်နယ် သိန္နီ မြို့နယ်၌ တစ်ဦး စုစုပေါင်း ၄ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ယာယီ ကယ်ဆယ်ရေး စခန်းများသို့ရေဘေးကြောင့် စုစုပေါင်း ဘေးသင့် အိမ်ထောင်စု ၅၂၄၇၄ စုမှ လူဦးရေ ၂၁၁၆၀၀ ဦး ခေတ္တ ပြောင်းရွှေ့ခဲ့ရကြောင်း ၊ သြဂုတ် ၁၅ ရက် အခြေအနေ အရ မကွေးတိုင်း ဒေသကြီး ၊ ကရင်ပြည်နယ် ၊ နေပြည်တော် ၊ ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး နှင့် တနသာၤရီ တိုင်းဒေသကြီးများတွင် ကယ်ဆယ်ရေး စခန်းများ ပိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် မွန်ပြည်နယ် တို့တွင်လည်း အချို့ကယ်ဆယ်ရေး စခန်းများ ပိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.