ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကနီမြို့အနီး၌ ဟုမ္မလင်းမှ မုံရွာသို့စုန်ဆင်းလာသော အောင်စိုးမိုးကျော် ရေယာဉ် သည် ယနေ့အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ နေ့လည် ၂...
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တန်ချိန် ၂၁ဝ ရှိ ကျောက်စိမ်းတုံးကြီးတစ်တုံးကို တူးဖော်ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာ့ ကျောက် မျက် ရတနာလုပ်ငန်းမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တာမွေမြို့နယ် အတွင်းရှိ Sky Star ဟိုတယ်၌ ယနေ့အောက်တိုဘာ ၁၂ ရက် ၊ နေ့လည်ပိုင်း အချိန်တွင် ဝါယာရှော့ကြောင့် ၁ နာရီကြာ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ထိခိုက် ဒဏ်ရာ ရရှိသူများ ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း (ထမံသီမြိ့ု၏ အနောက်တောင်ဘက် မိုင်(၁၁)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့တွင် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများ အနက် ရန်ကုန် နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု အများဆုံး ဖြစ်သကဲ့သို့သေဆုံးသူ ဦးရေမှာလည်း...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် (၇၃)လမ်း (၇၄)လမ်း ကြား၊ (၃၄)လမ်းရှိ ရွှေအိုး(၂)ဒိန်ချဉ်နှင့် မုန့်တီဆိုင်မှ အဲယားကွန်းအပူလွန်ကဲရာမှ အောက်တိုဘာ ၅ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ ကျပ် ၁၅သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် သြစတြေးလျနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုနှစ်သန်းကို ထောက်ပံ့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လမ်းစည်းကမ်းချိုးဖောက်သော မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ ဒဏ်ကြေးငွေများ နှစ်ဆတိုးမြှင့်ဒဏ် ရိုက်ကောက်ခံခဲ့ရာ စက်တင်ဘာလအတွင်း အမှုပေါင်း ၅၂၈၇မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂၄ နာရီခန့်က အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိသေးသဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။