Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံပြည်တွင်း တွင် ယခုနှစ် နှစ်လတာအတွင်း အသေးစားငလျင် ၆ကြိမ် နှင့်အထက်လှုပ်ခတ်

မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် အကွာတွင်လှုပ်ရှားခဲ့သည့်ငလျင်၏မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း တွင် ယခုနှစ် နှစ်လတာအတွင်း ယနေ့အထိ အသေးစားငလျင် ၆ ကြိမ် နှင့်အထက်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးဇော်မင်းက ဆင်ဟွာကိုပြောသည်။

ယနေ့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၄)နာရီ (၅၇)မိနစ် (၁၉)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် အကွာ မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃.၂)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဦးဇော်မင်းက “ဒီနေ့လှုပ်တဲ့ ငလျင်က စစ်ကိုင်းတိုင်းဒေသကြီး ၊စဒေါင်းကြီးဆိုတဲ့ ကျေးရွာနားမှာ လှုပ်ခဲ့တာပါ။ ပျက်စီးဆုံးရှုံးမှုမရှိပါဘူး။ အင်အား ၃နဲ့ အင်အား ၄.၅ လောက်အဆင့် ရှိတဲ့ ငလျင်တွေက ပျက်စီးဆုံးရှုံးမှု မရှိတတ်ပါဘူး’’ ဟုပြောသည်။

ယခုနှစ်အတွင်း လှုပ်ခဲ့သည့်ငလျင်များ၏ အင်အားသည် ၃.၂ နှင့် ၄.၅ အဆင့်ရှိသည့် အင်အားအနည်းငယ်ရှိသည့် ငလျင်များသာ လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။