ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၁နာရီကျော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီးမိုင်တိုင်အမှတ် ၃၄၇/၀ တွင် မေ ၁၇ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂ဦးသေ၊ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အားမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ၁၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၀)ရွာမှ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး တကောင်းမြို့ ၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် မေ-ဇွန်-ဇူလိုင်လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း အထိရှိနိုင်ပြီး၊ ဇူလိုင်-ဩဂုတ်-စက်တင်ဘာလတို့တွင် ၆၂ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် လူ ၄ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။