Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မေ ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ အရှေ့ကိုးပင်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြက်ခြံ ၁ ခြံ၊ နေအိမ် ၁၇ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၊ ပဒေသာကျေးရွာပါ ၁၄ ရွာ၌

လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ် ၂ လုံး ပြို၊ နေအိမ် ၃၅ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျွန်းတော ကျေးရွာပါ ၄ ရွာ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပြို၊ နေအိမ် ၄၅ လုံး၊ ဈေးဆိုင်ခန်း ၁၅ ခန်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်တစ်ခုတွင် နေအိမ် ၁၀၀ကျော် ပျက်စီးပြီး ဆိုင်ခန်းနှင့် ကြက်ခြံများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.