Connect with us

Environment, Disasters & Accidents

ကလောမြို့၌ လျှပ်စစ်ခြင်ရိုက်တံအားဆော့ကစားရာမှ မီးလောင်ကျွမ်းပြီး အမျိုးသမီး ၂ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရရှိ

ကလောမြို့၌ မီးလောင်ကျွမ်းနေသော နေအိမ်အားတွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကလောမြို့၌ (၅)ရပ်ကွက်တွင်၂၇ ရက် ည ၇နာရီ မိနစ် ၂၀တွင် လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားရာမှမီးပွင့်၍ ဓာတ်ဆီပုလင်းအား ကူးစက်ပြီး မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်းနှင့် ၎င်းအိမ်မှအလုပ်သမား မမေသဇင်ဦး(၂၂)နှစ်တို့ ၂ ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

နေအိမ်၌ ဆိုင်ကယ်ဆီဖြည့်စဉ် ၃နှစ်အရွယ်မြေးဖြစ်သူမှ လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစား၍ မီးပွင့်သွားပြီး ဓါတ်ဆီပုလင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာ နေအိမ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ယင်း မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး အိမ်ရှင် (သေဆုံး)အား ကလောမြို့မရဲစခန်း (ပ)၂၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၈၅ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.