Connect with us

Environment, Disasters & Accidents

တောင်ငူမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၆ ဦး ဒဏ်ရာရရှိ

တောင်ငူမြို့၌ ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှုအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅)ကြား၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွိုင်ကော်ဘက်မှ တောင်ငူဘက်သို့ မေ ၃၁ ရက်က ကျောက်များတင်ဆောင်လာသည့် ၉ဗ/×××× Dumc Truck (၁၀) ဘီး ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ထိုးကျကာ လမ်းဘေးတဲသို့ ဝင်ရောက် တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် တဲအတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဦးခေါင်း အက်ကွဲ၊ ဆီးခုံ/ဗိုက်ပွင့်အူထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ပြီး လူ ၆ ဦးသည် နောက်စေ့/ နဖူး/နှာခေါင်း/နှုတ်ခမ်း ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် တောင်ငူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံနေရကြောင်း သိရသည်။ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သော ယာဉ်မောင်းအား တောင်ငူမြို့နယ် အမှတ်-၁၊ နယ်မြေရဲစခန်း ယာဉ် (ပ)၁၇/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၄/၃၃၈(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။(Xinhua)