ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိတ္ထီလာစုကျေးရွာနှင့် ကန်စွန်းအင်း ကျေးရွာ ဆက်သွယ်ထားသော တံတားနှင့် ဝဲဒေါင့်ကျေးရွာနှင့် ဥယာဉ်စု ကျေးရွာ ဆက်သွယ် ထားသော တံတားများသည် ဖြူးချောင်းအတွင်းသို့ ရေစီးနှင့်မျောပါသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ခေတ္တလမ်းပိတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မိုးနှောင်းကာလ တွင် ဖြစ်ပေါ်နိုင်သည့် မြစ်ရေအခြေအနေခန့်မှန်းချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၆ ဦးထိ ရှိလာခဲ့ကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း...
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေမြောက်ပိုင်း နှင့် အနောက်ဘင်္ဂလားကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၃ဦးရှိနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး နောင်ရိုးချောင်းအတွင်း ဆိုင်ကယ်ဖြင့် ဖြတ်ကူးသူလူနှစ်ဦး မျောပါခဲ့ရာမှ တစ်ဦးပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း တောင်ညို ချောင်းရေမြင့်တက်မှုကြောင့် တာပွန်မြို့ တာကျိုးနှင့်သူဌေးကုန်းကျေးရွာကြားရှိ တောင်ညိုချောင်း ဘောင် အလျား ၃၅ ပေ၊အမြင့် ၈ ပေခန့် ရေတိုက်စားပျက်စီးခဲ့ရာ အလယ်ပိုင်းရပ်ကွက်ပါ ၃ ခုတို့၌ ရေအနက် ၁/၂ ပေခန့် ဝင်ရောက်နေသဖြင့်...