ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဇီဝမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ပြင်ဆင် ပြုစုရာတွင် ဒေသခံ တိုင်းရင်းသားများ၏ အကြံပြုချက်များ ရရှိပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံ နိုင်သော နည်း ဥပဒေ ဖြစ်စေရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၌ အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်မှုကြောင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦး ဆေးရုံတက်ကုသမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံး မှ ဆုတ်ခွာခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရေငံရွာအနီး ရထားသံလမ်းမိုင်တိုင်အမှတ်(၂၉၁/၁၅-၁၆)ကြားတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လဲဘူး ဘူတာမှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ခရီးသည် (၈၄)ဦးတင်ဆောင်၍ ထွက်ခွာလာသော ပျော်ဘွယ်(၃) အဆန်ရထား တွဲချော်ပြီး တိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည်(၁၂)ဦး ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နှစ်ပေါင်း ၅၃ နှစ် အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ရန်ကုန်မြစ် အတွင်း အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိ အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ (၂၀.၂၁)ပေခန့်မှ (၂၀.၉၃)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း မြန်မာ ဆိပ်ကမ်း အာဏာပိုင်မှ...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်ဘက် (၁၀) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၀.၅၈)၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၉)၊ အနက် (၈)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း...