Connect with us

Environment, Disasters & Accidents

ဘေးကျရောက်လွယ်သည့် ဒေသများတွင် ကြိုတင် သတိပေးချက်များ အချိန်မီ ပေးပို့ ဆောင်ရွက်နိုင်ရန် ရေဒီယို လှိုင်းသုံး ဆက်သွယ်ရေး စက်များ တပ်ဆင်ထား

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍခွဲပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ဘေးကျရောက်လွယ်သည့် ဒေသများတွင် ကြိုတင်သတိပေးချက်များ အချိန်မီပေးပို့ ဆောင်ရွက်နိုင်ရန် Single Side Band – SSB ရေဒီယိုလှိုင်းသုံး ဆက်သွယ်ရေး စက်များအား တပ်ဆင်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍခွဲပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးအား နေပြည်တော်၌ အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့ရာတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သဘာဝဘေးကြောင့် ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင် ပြင်ဆင်မှု အပိုင်းများကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကြေးဘီလီယံပေါင်းများစွာ အသုံးပြုပြီး ဘက်စုံသုံး မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၁၃ လုံးတည်ဆောက်ထားရှိပြီး ထပ်မံ တည်ဆောက် မည့် အဆောက်အအုံ ၈၃ လုံးရှိကြောင်း ၊ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း များအား ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (MAPDRR) သည် လုပ်ငန်းများကို အကောင်အထည် ဖော်ရန်ရေးဆွဲထားသော စီမံချက် ဖြစ်ကြောင်း ၊ MAPDRR တွင် စီမံကိန်း လုပ်ငန်း (၃၂)ခုပါရှိပြီး လာမည့်(၂၀၁၉) ခုနှစ်တွင် အကောင်အထည် ဖော်မည့် လုပ်ငန်းများကို ဆွေးနွေး သွားရမည် ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကဏ္ဍခွဲ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် အကောင် အထည် ဖော်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) ၏ မဟာဗျူဟာအား ပိုမိုအားဖြည့်သည့် အနေဖြင့် ဆောင်ရွက်ရေး ဆွေးနွေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.