Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားရာ ကျောင်းသား ၁ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း (အိမ်ရှေ့ပြင်) တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကျောင်းသား တစ်ဦး သေဆုံးပြီး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၄ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နေ့လယ် ၁၂:၄၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေစဉ် ယခင်အကြမ်းဖက်တိုက်ခိုက်မှုမှ ကျကျန်ခဲ့သော ဗုံးသီးတစ်လုံးအား တွေ့ရှိသဖြင့် ဆရာမထံအပ်နှံရန် ယူဆောင်လာစဉ် လက်မှလွတ်ကျပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် သယ်ဆောင်သူ ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး အနီးဝန်းကျင်ရှိ ကျောင်းသား/ကျောင်းသူ ၂၂ ဦးနှင့် ကျောင်းသားမိဘ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အား ဆေးရုံများတွင် ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းလုံခြုံရေးနှင့် ကျောင်းဝန်းအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။ (Xinhua)
………………………..
(English Version)
1 child killed, 23 injured in a primary school explosion in southern Myanmar

YANGON, June 4 (Xinhua) — An explosion occurred at a primary school in southern Myanmar’s Tanintharyi Region, killing one child and injuring 23 people, the Information Team of Myanmar’s State Administration Council reported on late Tuesday.
The explosion occurred at around 12:40 p.m. local time on Tuesday in Dawei town of Tanintharyi Region, the report said.
While cleaning the campus, the students found a bomb left over from the previous terrorist attack and brought it to the teacher. But the bomb dropped and exploded, killing one student and injuring 22 others and a student’s parent.
The injured were sent to the local hospitals for medical treatment.
The security forces were carrying out mine clearance on the school campus, the information team said.