ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ နတ်လမ်းပေါ်သည့် ကျိုက်နဲ ရေလယ်ဘုရားဖူးသွားကြသူများသည် ယနေ့ နံနက်ပိုင်း၌ ပင်လယ်ရေနှင့်မျောမှုဖြစ်ပွားကာ လက်ရှိအချိန်ထိ အလောင်း ၁၅လောင်း ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေကြောင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ဖူကျန့်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တွင် တည်ရှိသော ဝူရီဆန်းတောင် အမျိုးသားဥယျာဉ်ရှိ တောင်ကုန်းတောင်တန်းများသည် ဆောင်းရာသီကာလ၌ စိမ်းလန်းနေဆဲဖြစ်ပြီး ဆောင်းဦးကာလ အရောင်အသွေးစုံကာ တောင်တန်းတစ်လျှောက် တိမ်ပင်လယ်နှင့် ပြည့်နက်လှသည့် နံနက်ခင်းသည် ပို၍ပင် လှပနေကာ ခရီးသွားများကို နေထွက်ခြင်းကို ကြည့်ရှုရန်အတွက် တောင်တက်ကြရန် ဆွဲဆောင်လျက်ရှိသည်။...
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအသင်းအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC ) ၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းတွင် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC ) မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က နိုဝင်ဘာ ၁၂ ရက်တွင်...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၃၀ ရက်အတွင်းလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ ယနေ့ နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဇဟားလုံခြုံရေးရဲကင်း၌ ယနေ့ (နိုဝင်ဘာ ၉ရက်) နံနက်အစောပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ အမြန်လမ်းမကြီး မိုင်တိုင် (၁၁၀)ရှိဇဟားလုံခြုံရေးရဲကင်းအား လက်နက်ကိုင်ဆောင်သူများက လာရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲကင်းကျပြီး...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ လေ့ကျင့်ရေးခရီးစဉ် အတွင်း ခြေစမ်းပွဲ သုံးပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ ယနေ့နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။ “တူရကီနိုင်ငံက အသင်းဖြစ်တဲ့ Manavgastpor အသင်း၊ Burndi...
ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) COVID-19 ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင်...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို ယနေ့ (အောက်တိုဘာ ၂၉ ရက်)၌ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှ ထောင်ဒဏ်အနှစ်(၂၀)ချမှတ်လိုက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဆင်ဟွာသို့ပြောကြားသည်။
မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကုမ္ပဏီလုပ်ငန်းဖြစ်သည့် ဟွာဝေးသည် ဥရောပတွင် ဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာသစ်တစ်ခုအား အောက်တိုဘာ ၂၇ ရက်က စပိန်နိုင်ငံ မြို့တော် မက်ဒရစ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခုဖွင့်လှစ်သည့် စင်တာက ဥရောပ ၁၀ နိုင်ငံ အဓိက ဆက်သွယ်ရေးအော်ပရေတာများအတွက် နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း ဟွာဝေး...
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ခုမှ မြို့နယ် (၄၆)မြို့နယ်မှ အပ ကျန်မြို့နယ်များမှ အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်းမျာယအပါအဝင်) နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ အောက်တိုဘာ ၂၈ ရက် ညထုတ်ပြန်သောသတင်းအရ သိရသည်။