Connect with us

Politics, Law & Military

တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ၆၃ တန်ကျော် သိမ်းဆည်းရမိ

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် မကြာသေးမီရက်များအတွင်း ထိန်းချုပ်ဓာတုပစ္စည်း ၆၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ဇန်နဝါရီ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်းများကို ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်က သိမ်းဆည်းရမိခဲ့သည့် Sulfurous Dichloride ၁၂ တန်၊ Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန်တို့ကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၌ ဇန်နဝါရီ ၁၅ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက်က Sodium Hydroxide and Anhydrous (NaOH) ၁၄ ဒသမ ၉၅ တန်နှင့် မက်သီလမင်း ၄ ဒသမ ၅ တန်နှင့် တိုလူနီ ၃ တန်တို့ကို ဇန်နဝါရီ ၁၆ ရက်က မန္တလေးတိုင်း သာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် စုစုပေါင်း Toluene တန်ချိန် ၄ ဒသမ ၅ တန်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ ထိန်းချုပ်ဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယင်းပူးပေါင်းစစ်ဆင်ရေးများတွင် သံသယရှိသူ ၁၀ ဦးကျော်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.