Connect with us

Environment, Disasters & Accidents

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော် ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး အဆိုပါပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ ၊ စျေးပွဲတော်များနှင့် တိရိစ္ဆာန်လိမ္မာလေးများ၏ သရုပ်ပြတင်ဆက်မှုများ ပါဝင်ပြသထားကြောင်းသိရသည်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ဥယျာဉ်များအနက် တစ်ခုဖြစ်သည်။ (Xinhua)