ပေကျင်း၊မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည် ယခုနှစ် ပထမသုံးလပတ်တွင် ခိုင်မာစွာ တိုးတက်နေသည်ကိုတွေ့ခဲ့ရပြီး တစ်ချိန်တည်းမှာပင် အပြီးသတ်တည်ဆောက်ပေးနိုင်ခြင်း ပမာဏမှာလည်း ကြီးမားသော ကမ္ဘာ့ရှယ်ယာကို ဆက်လက်ထိန်းသိမ်းထားကြောင်း နှင့် အမှာစာသစ်များကိုလည်း ဆက်လက်လက်ခံရရှိနေကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၀) မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀) မိုင်ခန့်၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၃၅) မိုင်ခန့်နှင့် ရန်ကုန်မြို့ ၏ တောင်-အရှေ့တောင်ဘက်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းစီးနင်းလာသော ယာဉ်တန်းကို MNDAAအဖွဲ့တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ထိတွေ့မှုဖြစ်ပြီး ရဲနှင့်အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့၌ ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် လူသောင်းချီ စုရုံး၍ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ခေတ္တထိန်းသိမ်းထားသည့် ကာလတွင် နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေး နှင့်ပတ်သက်သည့်မူဝါဒ၊ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒလုံးဝပြောင်းလဲ မည်မဟုတ်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လက်ရှိြဖစ်ပေါ်လျက်ရှိသည့် အခြေအနေပေါ်မူတည်၍ ၅၀၀၀ ကျပ်တန်၊ ၁၀,၀၀၀ ကျပ်တန် ရုပ်သိမ်းမည်ဆိုသည့် ကောလာဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့်သတင်း မှားများထွက်ပေါ်လျက်ရှိကြောင်း ၊ ပြည်သူများအနေဖြင့် စိုးရိမ်မှုမရှိဘဲ သုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖေဖော်ဝါရီ ၃ ရက်တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့တွင် ငွေကျပ် ၇.၅၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ.၄၉ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဖေဖော်ဝါရီ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ ၌ တည်းခိုနေကြသည့် လွှတ်တော်ကိုယ်စားလှယ်အများစုသည် မိမိတို့နေရပ်သို့ ဖေဖော်ဝါရီ ၆ ရက်တွင် အတူပြန်ကြရန် စီစဥ်ထားသော်လည်း နှစ်ရက်စောကြီး ပြန်ကြမည် ဖြစ်ကြောင်း လှိုင်းဘွဲ့ မြို့နယ် ပြည်သူ့...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော်စည်ပင် ဧည့် ရိပ်သာ၌ တည်းခိုနေကြသည့် နိုင်ငံ့အဝှမ်းမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအား မိမိတို့နေရပ်သို့ ပြန်နိုင်ကြပြီ ဖြစ်ကြောင်း တပ်မတော်က ယနေ့ နေ့လယ်ပိုင်းတွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။