Connect with us

Myanmar

တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို ၂၀၂၃ခုနှစ် တစ်နှစ် ထပ်မံတိုးမြှင့်ရပ်ဆိုင်း

တပ်မတော်နေ့ အခမ်းအနားကျင်းပနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာယန္တရားများအား နှောင့်ယှက်ထိပါးကာ တိုက်ခိုက်လာသည့် အချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ် ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ တိုးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကြေညာချက်အရ သိရသည်။တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်(၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်၍ တပ်မတော်မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်အထိ ၂၁ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ဖိတ်ကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ မှ ကိုယ်စားလှယ်များ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးခဲ့သည့် EAO များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် EAO ခုနစ်ဖွဲ့နှင့် လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့တို့ဖြစ်ကြောင်း သိရသည်။တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် NCA လက်မှတ်ရေးထိုးထားသည့် EAO ခုနစ်ဖွဲ့ SAC ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား ၃ ဖွဲ့မှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ဖြစ်ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117