Connect with us

Sport

မြန်မာ့လက်ရွေးစင်အသင်း အုပ်စုတတိယပွဲစဉ် အဖြစ် လာအိုအသင်းနှင့် ဒီဇင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားမည်

မြန်မာလက်ရွေးစင် အသင်းနှင့် လာအိုအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်က ပြုလုပ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၂၂ အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electric Cup 2022) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်စုတတိယပွဲစဉ်အဖြစ် လာအိုအသင်းနှင့် ဒီဇင်ဘာလ ၃၀ ရက် ညနေ လေးနာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တိုနီဟေးက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် နှစ်ပွဲတွင် မြန်မာအသင်း၏ တိုးတက်မှုများကို မြင်တွေ့ခဲ့ရပြီး လာမည့် လာအိုနှင့်ပွဲစဉ်တွင်လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် နှစ်ပွဲလုံး ရှုံးနိမ့်ထားပြီး လာအိုအသင်းနှင့်ပွဲစဉ် ယှဉ်ပြိုင် ကစားပြီးပါက ဗီယက်နမ် အသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.