ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် ၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၁ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ယနေ့(နိုဝင်ဘာ ၆ ရက်) ည ၁၂ နာရီသည် မဲဆွယ်စည်းရုံးရေးနောက်ဆုံးရက်ဖြစ်သဖြင့် ပါတီများ၏ ဆိုင်းဘုတ်များ၊ ပါတီအမှတ်တံဆိပ်၊ အလံများ ဖြုတ်သိမ်းလျက်ရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများထံမှ ကြိုတင်မဲ စုစုပေါင်း ခုနစ်သောင်းခွဲခန့် ရရှိခဲ့ပြီး...
နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၏ ရလဒ် များကို နိုဝင်ဘာ ၉ ရက်မှစ၍ တစ်နေ့သုံးကြိမ် ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) ရုံး...
နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် ယနေ့ နံနက် ၉:၃၀ နာရီ ခန့်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ မဲရုံအမှတ်(၂) ကြိုတင် ဆန္ဒမဲများ ပေးခဲ့ကြသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ယနေ့ (နိုဝင်ဘာ ၆ ရက်) နေ့လည် ၂နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ဘူတန်နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံများမှ ယှဉ်ပြိုင်ခဲ့သည့် ၁၆ ကြိမ်မြောက် Druk International Film Festival(DIFF) ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နို့ဘီလူးရုပ်ရှင်ဇာတ်ကားမှ ဆုလေးဆုရရှိခဲ့ကြောင်း နို့ဘီလူးရုပ်ရှင်အားထုတ်လုပ်ခဲ့သော အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဒေါက်တာကျော်ကျော်ဦးက ဆင်ဟွာသို့...
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ မျိုးစေ့ဘဏ်ဌာနစုတွင် သီးနှံမျိုးစိတ်ပေါင်း ၄၀ ကျော် နှင့် အဆိုပါမျိုးစိတ်များ၏ ဗီဇကွဲမျိုးပေါင်း ၁၂,၀၀၀ ကျော်ကို တောင်သူများလိုအပ်ပါက ထုတ်ပေးရန်နှင့် သုတေသနလုပ်ငန်းများအတွက် သိမ်းဆည်းထားကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်ဌာနစု မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းစံသိန်း က...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် နိုဝင်ဘာ ၇ရက်မှစ၍ ညအပူချိန်များ လျော့ကျ၍ အအေးပိုနိုင်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြောက်လေတိုက်ခိုက်မှုပေါ်မူတည်၍ တဖြည်းဖြည်းအေးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကဆင်ဟွာသို့ နိုဝင်ဘာ ၅ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ကမ္ဘာ့မြေငလျင်ဘေးအန္တရာယ် သိပညာပေးရေးနေ့ ဖြစ်သည့် နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘာ့နိုင်ငံများနှင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်စဉ် ဆူနာမီဘေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရမှုများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆူနာမီနှင့်ပတ်သက်၍မပေါ့ဆသင့်ကြောင်း မိုးလေဝသနှင့်...