Connect with us

Myanmar

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များအားလုံးကို SKY NET မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲထုတ်လွှင့်ပြသခြင်း စာနယ်ဇင်းရှင်းလင်းပွဲအား အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

မကြာမီ ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များအားလုံးကို SKY NET ရုပ်သံလိုင်းများမှ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ဦးတည်းမူပိုင် (Official Exclusive Broadcaster) အဖြစ် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲထုတ်လွှင့်ပြသခြင်း စာနယ်ဇင်းရှင်းလင်းပွဲထံမှ သိရသည်။

ယင်းစာနယ်ဇင်းရှင်းလင်းပွဲတွင် ရွှေသံလွင်ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းက“ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာကတော့ နည်းနည်းထူးထူးခြားခြားပေါ့ အရင်တုန်းက မကျင်းပခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဒါ ပထမဆုံး ကျင်းပတာ ဖြစ်ပါတယ်။ သူတို့ နေရာဒေသနဲ့ လိုက်ပြီးတော့ ကျင်းပတဲ့အတွက် အချိန်နေရာလည်း ကျွန်တော်တို့ နိုင်ငံအနေနဲ့ ညနေပိုင်းနဲ့ ညဦးပိုင်းတွေမှာ ဖြစ်သွားတဲ့အတွက် ကြည့်ရှုရတာလည်း ပိုပြီးတော့ အဆင်ပြေသွားတာပေါ့လေ ။ ညနက်တဲ့အထိအောင် ပွဲတွေက မရှိတော့ဘဲနဲ့ ကျွန်တော်တို့ နိုင်ငံအချိန်နဲ့ ပိုပြီးတော့ ကြည့်ရတာ အဆင်ပြေသွားပါပြီ ။ ဒီလို ကျွန်တော်တို့ ၃ ကြိမ်ဆက်တိုက် တရားဝင် မူပိုင် ထုတ်လွှင့်ခွင့် ရခဲ့ပြီးတော့ အခုကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကိုလည်း ကျွန်တော်တို့ မိဘပြည်သူတွေအတွက် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖွင့်ပွဲ ၊ ပိတ်ပွဲ နောက်ကြားပြိုင်ပွဲတွေအပြင် ကျွန်တော်တို့ကိုယ်တိုင် ထူးထူးခြားခြား အစီအစဉ်လေးတွေကိုလည်း စီစဉ်ထားပါတယ်။”ဟု ပြောကြားခဲ့သည်။

လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ယခုနှစ်တွင် ကာတာနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကာတာ နှင့် အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117