Connect with us

Education & Health

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အစာအဆိပ်သင့်သည့် လက္ခဏာဖြင့်မိသားစုဝင် ၆ ဦး သေဆုံး

ကျောက်တော်မြို့ပြည်သူ့ဆေးရုံအားတွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊သက်ထင်ကျေးရွာတွင် အစာအဆိပ်သင့်သည့် လက္ခဏာဖြင့်မိသားစုဝင် ၆ ဦး သေဆုံးခဲ့ကြောင်း ကျောက်တော်မြို့ပြည်သူ့ဆေးရုံထံမှ စုံစမ်းသိရှိရသည်။“လက္ခဏာကတော့ အစာအဆိပ်သင့်တဲ့ လက္ခဏာနဲ့ ဆေးရုံရောက်လာတာ၊ ဆေးကုသရင်း အခြေအနေမသက်သာဘူး၊ထမင်းနဲ့ ပြောင်းဖူးစားပြီးဖြစ်တယ်ပြောတယ်၊ ရင်ခွဲစစ်ဆေးမှုလုပ်ပြီးရင် ဘာကြောင့်သေဆုံးလဲ အဖြေရနိုင်ပါတယ်” ဟု ကျောက်တော်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ဆင်ဟွာသို့ပြောသည်။

အဆိုပါ သေဆုံးခဲ့သော မိသားစုဝင်များသည် ထမင်းနှင့် ကျောက်တော်စျေးမှဝယ်လာသည့် ပြောင်းဖူးစားပြီးနောက် ည ၂ နာရီခန့်တွင် မိသားစုလိုက်အော့အန်မှုဖြစ်ပွားခဲ့ကာ နိုဝင်ဘာ ၂၆ ရက်တွင် တိုက်နယ်ဆေးရုံသို့ရောက်ရှိလာပြီး ဆေးရုံ၌ ဆေးကုသမှုခံယူနေစဥ် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး သေဆုံးသွားခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းလူနာ ၅ ဦးကို ကျောက်တော်မြို့ပြည်သူ့ဆေးရုံကို ထပ်ဆင့်ပို့ဆောင် ကုသစဉ် အမျိုးသမီး၂ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ဆက်လက်ပြီး နိုဝင်ဘာ ၂၇ ရက်တွင် အမျိုးသမီးတစ်ဦးနှင့် ယနေ့ (နိုဝင်ဘာ ၂၈ ရက်)နံနက် ၆ နာရီ ၅၀ မိ နစ်တွင်လည်း အမျိုးသားတစ်ဦးထပ် မံသေဆုံးသွားခဲ့ကြောင်း ဆရာဝန်ပြောကြားချက်အရ သိရသည်။

” စဖြစ်တဲ့နေ့ကနေ ၃ရက်အတွင်း မိသားစုဝင် ၆ယောက်လုံးသေတယ်၊ သူတို့အိမ်မှာမွေးထားတဲ့ခွေးလည်းသေတယ်၊ စားတဲ့အစာထဲ ဘာပါသွားလဲဆိုတာ ဆရာဝန်တွေ စစ်ဆေးပြီးသိရမှာပေါ့၊ တစ်ယောက်ပဲ သဂြိုလ်ထားရသေးတယ်၊ စစ်ဆေးချက်ပြီးမှ ကျန်လူတွေ သဂြိုလ်မှာပါ” ဟု သက်ထင်ကျေးရွာနေထိုင်သူတစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.