ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၃၀ ရက်)၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် မျိုးစေ့ဘဏ်အနေဖြင့် အာဟာရဓာတ် ပိုမိုကြွယ်ဝပြီး အထွက်နှုန်းကောင်းမွန် စေရန်ရည်ရွယ်၍ ယခုနှစ် မိုးရာသီတွင် ဆန်နီ (Red Rice) နှင့် ဆန်အရောင်စုံမျိုးဗီဇကွဲများ မျိုးပေါင်း (၂၀၀) ကျော် ကို ထပ်ပြုကြိမ်(၃) ကြိမ်ဖြင့် စိုက်ပျိုး၍ ယခုအခါ...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း က ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။
နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဇနီးတို့ ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁) တွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက် ခဲ့ကြသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) COVID-19 ကာလအတွင်း အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာဖြင့် မဲပေးနိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို အပြည့်ကျင့်သုံးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ၂၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၃,၃၅၄,၅၃၈ အုပ်ရိုက်ထုတ်ခဲ့ရာတွင် ထီစာအုပ် ၂,၇၈၇,၃၆၉အုပ်သာရောင်းချခဲ့ရကြောင်း၊ ထီစာအုပ် ၅၆၇,၁၆၉ အုပ် မှာရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၂၈ ရက်တွင် တတိယမြောက် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း လုပ်ငန်းပြီးစီးခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။