Connect with us

Culture & Entertainment

သံဃာအပါး ၆၀၀ အား ဝါဆိုသင်္ကန်း နှင့် ပစ္စည်းလေးပါး လှူဒါန်းပွဲ ကျင်းပ

သံဃာ အပါး ၆၀၀ တို့အား ဝါဆိုသင်္ကန်း နှင့် ပစ္စည်းလေးပါး လှူဒါန်းပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ မဟာဝိဟာရကျောင်းတိုက်၌ ဩဂုတ် ၂၁ ရက်တွင် ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

သံဃာ အပါး ၆၀၀ တို့အား ဝါဆိုသင်္ကန်း နှင့် ပစ္စည်းလေးပါး လှူဒါန်းပွဲအား ဩဂုတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“မဟာ သံဃိက စီဝရဒါန ဝါဆိုသင်္ကန်း နှင့် ပစ္စည်းလေးပါး လှူဒါန်းပွဲ” အဖြစ် သင်္ကန်းအစုံ ၆၀၀ ၊ ခါးပန်းကြိုး ၊ စတီးခွက် ၊ ခေါင်းရိတ်ဓါး ၊ အနေကထိုင် ၊ ကိုယ်ပတ် ၊ ကျန်းမာရေးဖိနပ်များကို သံဃာတစ်ပါးလျှင် လှူဖွယ်ခြင်းအလိုက် လောင်းလှူခဲ့ကြကြောင်း သိရသည်။ (Xinhua)

#သံဃာ #ဝါဆိုသင်္ကန်း #မြန်မာ့ဂရုဏာလက် #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.